ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန
ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန
ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာနသည် ဗုဒ္ဓသာသနာသမိုင်း၊ ပါဠိစာပေသမိုင်းကို အခြေခံလျက် ဗုဒ္ဓဘာသာဝင်နိုင်ငံများ၏ သမိုင်းများ၊ အခြားသော ဘာသာများ၏ သမိုင်းများကို ယဉ်ကျေးမှုရှုထောင့်၊ အတွေးအခေါ်ရှုထောင့်၊ ပထဝီရှုထောင့်များမှ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးသောဌာန ဖြစ်သည်။ ၎င်းအပြင် ဌာနသို့ တင်သွင်းလာသော ကျမ်းစာများ၊ စာတမ်းများကိုလည်း စိစစ်၍ အဆင့်မီကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် ဌာနမှ လမ်းညွှန်ပို့ချပေးပါသည်။
သာသနတက္ကသီလဓမ္မာစရိယ (ပထမနှစ်) တွင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိ ပြန့်ပွားပုံ၊ ဘာသာခြားများကို လေ့လာခြင်းနှင့် သာသနာပြု အထောက်အကူပြု ဗဟုသုတဘာသာရပ်များ စသည့်သင်ရိုးတို့ကိုသင်ကြားပို့ချပေးခြင်း၊ (ပြန့်-၁၀၁၊ ၁၀၂၊ ၁၀၃)
သာသနတက္ကသီလဓမ္မာစရိယ (ဒုတိယနှစ်) တွင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိ ပြန့်ပွားပုံ၊ ဗုဒ္ဓမပွင့်မီနှင့်ပွင့်တော်မူချိန်နှင့် သာသနာပြုအထောက်အကူပြု ဗဟုသုတဘာသာရပ်များစသည့် သင်ရိုးတို့ကိုသင်ကြားပို့ချပေးခြင်း၊ (ပြန့်-၂၀၁၊ ၂၀၂၊ ၂၀၃)
သာသနတက္ကသီလဓမ္မာစရိယ(တတိယနှစ်)တွင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိပြန့်ပွားပုံ၊ ဘာသာခြားများကို လေ့လာခြင်းနှင့် သာသနာပြု အထောက်အကူပြု ဗဟုသုတဘာသာရပ်များ စသည့်သင်ရိုးတို့ကိုသင်ကြားပို့ချပေးခြင်း၊ (ပြန့်-၃၀၁၊ ၃၀၂၊ ၃၀၃)
သာသနတက္ကသီလဓမ္မာစရိယ(စတုတ္ထနှစ်)တွင် ပိဋကတ်သမိုင်း၊ သီရိလင်္ကာ (သီဟိုဠ်ကျွန်း) သို့ သာသနာရောက်ရှိ ပြန့်ပွားပုံနှင့် ကမ္ဘာအရပ်ရပ်သို့ သာသနာပြန့်ပွားပုံ စသည့် သင်ရိုးတို့ကိုသင်ကြားပို့ချပေးခြင်း၊ (ပြန့်-၄၀၁၊ ၄၀၂၊ ၄၀၃)
သာသနတက္ကသီလမဟာဓမ္မာစရိယ (ပထမနှစ်) တွင် ပိဋကတ်တော်လာသ သာသနာပြုနည်း ကောက်နုတ်ချက်များ၊ ဗုဒ္ဓဘာသာဂိုဏ်းကွဲများနှင့် အနောက်နိုင်ငံများသို့ သာသနာပြန့်ပွားခြင်း စသည့်သင်ရိုးတို့ကိုသင်ကြားပို့ချပေးခြင်း၊ (ပြန့်-၅၀၁၊ ၅၀၂၊ ၅၀၃)
သာသနတက္ကသီလမဟာဓမ္မာစရိယ (ဒုတိယနှစ်) တွင် ပိဋကတ်တော်လာ သာသနာပြုနည်း ကောက်နုတ်ချက်များ၊ အာရှတိုက်ဗုဒ္ဓဘာသာနိုင်ငံများနှင့် တန္တရနှင့် မန္တရဝါဒများ စသည့်သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊ (ပြန့်-၆၀၁၊ ၆၀၂၊ ၆၀၃)
