ဝိနယပိဋကမဟာဌာန

IMG-283cb8d19d479212d974b57f4953a0cd-V

ဝိနယပိဋကမဟာဌာန

ဝိနယပိဋကမဟာဌာနသည် ဝိနည်းပိဋကပါဠိတော် (၅)ကျမ်းကို အခြေခံ၍ ယင်း၏  အဖွင့်ကျမ်းများဖြစ်သော  အဋ္ဌကထာ၊  ဋီကာ၊  ဂဏ္ဌိ၊  ယောဇနာ စသော ကျမ်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးသောဌာနဖြစ်သည်။ ၎င်းအပြင် ဌာနသို့ တင်သွင်းလာသော ကျမ်းစာများ၊ စာတမ်းများကိုလည်း  စိစစ်၍ အဆင့်မီ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် ဌာနမှ လမ်းညွှန် ပို့ချပေးပါသည်။

သာသနတက္ကသီလဓမ္မာစရိယ(ပထမနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ ကျမ်းရိုးနည်းစနစ်နှင့် အဓိပ္ပါယတ္ထ စသည့်သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊(ဝိ-၁၀၁၊၁၀၂၊၁၀၃၊၁၀၄)

သာသနတက္ကသီလဓမ္မာစရိယ(ဒုတိယနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့်သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊(ဝိ-၂၀၁၊၂၀၂၊၂၀၃၊၂၀၄)

သာသနတက္ကသီလဓမ္မာစရိယ(တတိယနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့်သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊(ဝိ-၃၀၁၊၃၀၂၊၃၀၃၊၃၀၄)

သာသနတက္ကသီလဓမ္မာစရိယ(စတုတ္ထနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့်သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊(ဝိ-၄၀၁၊၄၀၂၊၄၀၃၊၄၀၄)

သာသနတက္ကသီလမဟာဓမ္မာစရိယ(ပထမနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့်သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊(ဝိ-၅၀၁၊၅၀၂၊၅၀၃၊၅၀၄)

သာသနတက္ကသီလမဟာဓမ္မာစရိယ(ဒုတိယနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထ၊ ခေတ်လေ့လာနည်းနှင့် သုတေသန စသည့်သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊(ဝိ-၆၀၁၊၆၀၂၊၆၀၃၊၆၀၄)