အဘိဓမ္မပိဋကမဟာဌာန

IMG-ec6584f30cc0c24f465cda809e698672-V

အဘိဓမ္မပိဋကမဟာဌာန

အဘိဓမ္မာပိဋကမဟာဌာနသည် အဘိဓမ္မာ(၇)ကျမ်းကို အခြေခံ၍ ယင်းတို့အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ ဂဏ္ဌိ၊ ယောဇနာစသော ကျမ်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးသော ဌာနဖြစ်သည်။ ၎င်းအပြင် ဌာနသို့တင်သွင်းလာသော ကျမ်းစာများ၊ စာတမ်းများကိုလည်း စိစစ်၍ အဆင့်မီကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် လမ်းညွှန်ပို့ချပေးပါသည်။

သာသနတက္ကသီလဓမ္မာစရိယ(ပထမနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ ကျမ်းရိုးနည်းစနစ်နှင့် အဓိပ္ပါယတ္ထ စသည့် သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊ (ဘိ - ၁၀၁၊ ၁၀၂၊ ၁၀၃၊ ၁၀၄)

သာသနတက္ကသီလဓမ္မာစရိယ(ဒုတိယနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့် သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊ (ဘိ - ၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၄)

သာသနတက္ကသီလဓမ္မာစရိယ(တတိယနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့် သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊ (ဘိ - ၃၀၁၊ ၃၀၂၊ ၃၀၃၊ ၃၀၄)

သာသနတက္ကသီလဓမ္မာစရိယ(တတိယနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့် သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊ (ဘိ - ၄၀၁၊ ၄၀၂၊ ၄၀၃၊ ၄၀၄)

သာသနတက္ကသီလမဟာဓမ္မာစရိယ(ပထမနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့် သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊ (ဘိ - ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄)

သာသနတက္ကသီလမဟာဓမ္မာစရိယ(ဒုတိယနှစ်)တွင် အတ္ထယောဇနာ၊ ဝါကျသဒ္ဒါ၊ အဓိပ္ပါယတ္ထနှင့် ခေတ်လေ့လာနည်း စသည့် သင်ရိုးတို့ကို သင်ကြားပို့ချပေးခြင်း၊ (ဘိ - ၆၀၁၊ ၆၀၂၊ ၆၀၃၊ ၆၀၄)