စီမံရေးရာဌာန
- နဝကမ္မ ရ/သုံးစာရင်း ပြုစုထုတ်ပေးခြင်း၊ ထုတ်ယူခြင်း၊
- မော်ကွန်းထိန်းဌာန ရုံးသုံးပရိဘောဂများနှင့် စာရေးကိရိယာများ ပြုပြင်ဖြည့်တင်း စီစဉ်ခြင်း၊
- မော်ကွန်းထိန်းဌာနနှင့် ဌာနအသီးသီးအတွက် လိုအပ်သော ရုံးသုံးစာရေးကိရိယာများ ရှာဖွေ သိမ်းဆည်းခြင်း၊ ထုတ်ပေးခြင်း၊
- တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့၊ တက္ကသိုလ်ပညာသင်ကြားရေးအဖွဲ့၊ တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့များ၏ ကြေညာချက်များ၊ အစည်းအဝေးမှတ်တမ်းများကို သိမ်းဆည်းခြင်း၊ ဖြန့်ဝေခြင်း၊
- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တက္ကသိုလ်ဗဟိုအုပ်ချုပ်ရေးအဖွဲ့၊ မန္တလေး တက္ကသိုလ်၊ တက္ကသိုလ် ဥပတ္ထမ္ဘကအဖွဲ့၊ တက္ကသိုလ်ဥပဌာကအဖွဲ့၊ အခြားဌာနများမှ တက္ကသိုလ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းခြင်း၊
- သင်ကြား/စီမံဆရာတော်များစာရင်း၊ ၎င်းတို့နှင့်ပတ်သက်သောစာများ၊ မှတ်တမ်းများကို သိမ်းဆည်းခြင်း၊
စာသင်သားရေးရာဌာန
- သင်တန်းသားများလက်ခံခြင်း၊
- သင်တန်းသားသစ်များ ကြိုဆိုပွဲ စီစဉ်ခြင်း၊
- မှတ်တမ်းများ ထားရှိခြင်း၊
(က) သင်တန်းသားများ၏ ကိုယ်ရေးမှတ်တမ်း၊
( ခ ) သင်ကြား/စီမံဆရာတော်များ၏ ကိုယ်ရေးမှတ်တမ်း၊
- ခွင့်ပေးခြင်း၊
(က) နုတ်ထွက်ခွင့်၊
( ခ ) ခွင့်ပြုမိန့်၊
( ဂ ) ပြင်ပ၌နေခွင့်၊
- ပြည်တွင်း/ပြည်ပ သွားရောက်နေထိုင်မှုကို စိစစ်ခြင်း၊
- ကျောင်းဆောင်အလိုက် သီတင်းသုံးသော သံဃာစာရင်း၊
သင်ကြားရေးရာဌာန
- စာသင်ချိန် တိကျမှုရှိအောင် ကြီးကြပ်ခြင်း၊
- စာသင်ခန်းမ၌ ဘော၊ စားပွဲ၊ ထိုင်ခုံ စသည့်လိုအပ်သည်များကို စီစဉ်ခြင်း၊
- သင်ကြား/ အထောက်အကူပြုပစ္စည်းများ စုဆောင်းထုတ်ပေးခြင်း၊
- သင်ခန်းစာ စာအုပ်များ ထုတ်ဝေခြင်း၊
- တက္ကသိုလ် ဝင်စာ/ထွက်စာ(ဒက်စပက်)တို့ ကိုင်ခြင်း၊
- အချိန်စာရင်း၊ သင်တန်းခန်းမအလိုက် သင်တန်းသားများ နေရာချထားသည့် စာရင်း၊ သင်တန်း တက်/မတက် မှတ်တမ်းစာရွက်များကို စီစဉ်ခြင်း၊
- သင်တန်းနှင့်ပတ်သက်သည့် ကြေညာချက်များ၊
ကျောင်းဆောင်ရေးရာဌာန
- ကျောင်းဆောင်အသီးသီးရှိ ပရိဘောဂစာရင်းများ၊ (လှူဒါန်းရရှိသည့် နေ့စွဲမှတ်တမ်းများ ထားရှိခြင်း)
- ကျောင်းဆောင်အလိုက် သီတင်းသုံးသော သံဃာစာရင်း၊ (ပလ္လင်ပုံစံနှင့် ထားရှိရန်)
- ကျောင်းဆောင်များရှိ(မာစတာကီး)သော့များ စာရင်းပြုစု၍ လျှို့ဝှက်လုံခြုံစွာ သိမ်းဆည်း ထားရှိရန်၊
- ဆွမ်းစားကျောင်းဆိုင်ရာမှတ်တမ်းများ၊
- ပြင်ပသို့ အလှည့်ကျ ဆွမ်းဘုဉ်းပေးအလှူခံကြွရန် အစီအစဉ်၊
- ပရိဘောဂများ ဖြည့်တင်း / ပြုပြင်ရေး၊
စာမေးပွဲရေးရာဌာန
- စာမေးပွဲ၀င်ခွင့်တောင်းခြင်း၊
- စာမေးပွဲကျင်းပရန် လိုအပ်သည်များကို စီစဉ်ခြင်း၊
- စာမေးပွဲဖြေဆိုရန် ခုံနံပါတ်၊ အတန်းစသည်တို့ကို စီစဉ်ခြင်း၊
- စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့များ စာရင်း၊
- စာမေးပွဲဖြေဆိုသည့် အတန်းအလိုက်၊ အခန်းအလိုက် Plan ပုံစံများ ရေးဆွဲခြင်း၊
- ဖြေဆိုခွင့်ကတ်များ ထုတ်ပေးခြင်း၊
- နေ့စဉ်စာမေးပွဲဖြေဆိုကြောင်း လက်မှတ်ထိုးဇယားများ စီစဉ်ခြင်း၊
- အဖြေလွှာများ စီစဉ်ထုတ်ပေးခြင်း၊ စုဆောင်းခြင်း၊
- စာရေးကိရိယာများ စုဆောင်းခြင်း၊ ထုတ်ပေးခြင်း။
အောင်စာရင်းနှင့် ဘွဲ့နှင်းဌာန
(က) အောင်စာရင်း
- စာမေးပွဲအဖြေလွှာများကို လက်ခံခြင်း၊
- စာစစ်ရန် စီစဉ်ဆောင်ရွက်ခြင်း၊
- အောင်စာရင်းများ ရိုက်နှိပ်ခြင်း၊
- အောင်စာရင်းဆိုင်ရာ မှတ်တမ်းများ ထားရှိခြင်း၊
(ခ) ဘွဲ့နှင်း
- သင်တန်းသားသစ်များ ကြိုဆိုစီစဉ်ခြင်း၊
- စာမေးပွဲအောင်လက်မှတ်များ ရိုက်နှိပ်ရေးသားထုတ်ပေးခြင်း၊
- ဘွဲ့ဆိုင်ရာ အဆောင်အယောင်များ စီစဉ်ခြင်း၊
- ဘွဲ့နှင်းသဘင်အခမ်းအနား စီစဉ်ခြင်း၊
- ဘွဲ့ရသူများ မှတ်ပုံတင်ထားရှိခြင်း၊
