IMG-6a1ba3ddefd1b2f55c505107022e65d9-V

ဌာနမှူး(သုတေသန/ဘာသာပြန်/စာအုပ်ထုတ်ဝေရေးဌာန)၏လုပ်ငန်း တာဝန်များ

(က) မဟာဓမ္မာစရိယဘွဲ့ယူကျမ်းစာများထဲမှ အများပြည်သူဒါယကာ၊ ဒါယိကာမများ အတွက် အကျိုးများစေမည့် ကျမ်းစာများကို ရွေးချယ်စိစစ်၍ ပုံနှိပ်ထုတ်ဝေနိုင်ရေး အစည်းအဝေးတွင် တင်ပြဆောင်ရွက်ရပါသည်။

(ခ) ထုတ်ဝေရန် အတည်ပြုချက်ရယူပြီးသော ကျမ်းစာများကို တည်းဖြတ်၍စာမူချော ပြုစု ဆောင်ရွက်ပါသည်။

(ဂ) ဘာသာပြန်စာမူများကို ထိန်းသိမ်းထားရှိပါသည်။

(ဃ) တက္ကသိုလ်ကျမ်းစစ်ကြီးကြပ်ရေးအဖြစ်တာဝန်ယူဆောင်ရွက်ရပါသည်။

(င) တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တွင်လည်းကောင်း၊ တက္ကသိုလ်ပညာရေးအဖွဲ့တွင် လည်းကောင်း အဖွဲ့ဝင်အဖြစ်တာဝန်ယူ၍ တက္ကသိုလ်တိုးတက်ရေး ကူညီဆောင်ရွက် ရပါသည်။

(စ) တက္ကသိုလ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ဆရာတော်များထံမှ အခါအားလျော်စွာ ဩဝါဒခံယူရ ပါသည်။

IMG-a4f3c4d2908492465b29cb05ef27945c-V

ဌာနမှူး(စာကြည့်တိုက်ဌာန)၏လုပ်ငန်း တာဝန်များ

(က) တက္ကသိုလ်ဆိုင်ရာကျမ်းစာအုပ်များ စုဆောင်းထိန်းသိမ်းခြင်း၊

( ခ ) စာအုပ်စာပေအမျိုးမျိုး  စုဆောင်းထိန်းသိမ်းခြင်း၊

( ဂ ) စာပေဆိုင်ရာအကူအညီပေးခြင်း၊

(ဃ) စာကြည့်တိုက်အထွေထွေလုပ်ငန်းဆောင်ရွက်ခြင်း၊

( င ) ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်းများ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊

( စ ) ဘာသာရပ်ဆိုင်ရာမဟာဌာနများကို အကူအညီပေးခြင်း၊ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊

(ဆ) တက္ကသိုလ်တိုးတက်မှုအခြေအနေ သုတေသနစာတမ်း ပြုစုအစီရင်ခံခြင်း။