ဒေါက်တာဘဒ္ဒန္တ ပဏ္ဍိတဝရာဘိဝံသ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာဘဒ္ဒန္တ ပဏ္ဍိတဝရာဘိဝံသ
ဒေါက်တာဘဒ္ဒန္တ ပဏ္ဍိတဝရာဘိဝံသ သည် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ၌ အဖ ဦးခင်မောင်+ အမိ ဒေါ်နု တို့မှ ၁၃၀၆ ခုနှစ်၊ ဝါခေါင်လဆုတ် (၇) ရက်၊ ကြာသပတေးနေ့တွင် မီးရှူးသန့်စင်ဖွားမြင်သော သားရတနာဖြစ်သည်။
ဒေါက်တာဘဒ္ဒန္တ ပဏ္ဍိတဝရာဘိဝံသ သည် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြ ကျေးရွာ၊ မန္တလေးကျောင်း တိုက်၊ ရွှေမုဋ္ဌောကျောင်းဆရာတော် ဘဒ္ဒန္တ တေဇနိယ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြကျေးရွာဦးခင်မောင် + ဒေါ်နုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဒေါက်တာဘဒ္ဒန္တ ပဏ္ဍိတဝရာဘိဝံသ သည် ၁၃၂၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၈)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၁၀)နာရီ၊ (၂၅)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြကျေးရွာ၊ ရွှေမုဋ္ဌောကျောင်း၊ ခဏ္ဍသိမ်၌ မန္တလေးတိုင်း၊ရွှေပြည်ရပ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇနိယ မဟာထေရ် ကို ဥပဇ္ဈာယ်ပြု၍ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြို့နယ်၊ ပြင်စည်စံပြကျေးရွာ၊ ဦးခင်မောင် + ဒေါ်နုမိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဒေါက်တာဘဒ္ဒန္တ ပဏ္ဍိတဝရာဘိဝံသ သည် ပြင်စည်စံပြကျေးရွာ၊ ရွှေမုဋ္ဌောကျောင်းတိုက်၊ တောင်ကြီးမြို့၊ ကန်ဦးကျောင်းတိုက်၊ ထားဝယ်ရွှေဘုန်းပွင့်ကျောင်းတိုက်၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းကျောင်းတိုက်၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မာဂဓတက္ကသိုလ်တို့၌ ပညာဆည်းပူးခဲ့ပြီး မန္တလေးသကျသီဟစာမေးပွဲ၊ ရန်ကုန်စေတီယင်္ဂဏစာမေးပွဲ၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ L.L.B၊ ရန်ကုန်တက္ကသိုလ်၊ M.A သီရိလင်္ကာနိုင်ငံ၊ Ph. D အိန္ဒိယနိုင်ငံ၊ မာဂဓတက္ကသိုလ် စာမေးပွဲများကို အောင်မြင်ခဲ့ပြီး သ.စ.အ သိရီပဝရဓမ္မာစရိယဘွဲ့၊ L.L.B, M.A, Ph. D အဂ္ဂမဟာပဏ္ဍိတဘွဲ့တို့ကို ရရှိခဲ့သည်။
ဒေါက်တာဘဒ္ဒန္တ ပဏ္ဍိတဝရာဘိဝံသ သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) အဘိဓမ္မပိဋကမဟာဌာန၌ ပါမောက္ခတာဝန်ကို ၁၃၄၈ ခုနှစ်မှ ၁၃၄၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပါမောက္ခချုပ်တာဝန်ကို ၄-၈-၂၀၀၆ ရက်နေ့မှစ၍ ထမ်းဆောင်လျက်ရှိသည်။ ယင်းတာဝန်များကို ထမ်းဆောင်ရင်း မြို့နယ်မှနိုင်ငံတော်အထိ ဝိနည်းဓိုရ်၊ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပြင်ပစာသင်ဆရာ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ် ပြင်ပ စာသင်ဆရာ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ မော်ကွန်းထိန်း၊ ဒုတိယပါမောက္ခချုပ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ဓမ္မာစရိယပညာရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပထမပြန် တိုင်းပုစ္ဆကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြင့် သာသနာတော်အတွက် ဆောင်ရွက်လျက်ရှိပါသည်။
