တက္ကသိုလ်အကြောင်း
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ကို စတင်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသအား ကျောင်းမြေနေရာနှင့် ခေတ်မီတက္ကသိုလ် ကျောင်းအဆောက်အအုံများ ရရှိရေးအတွက် သာသနာတော်အကျိုးကို ရှေးရှူ၍ ကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့ပါသည်။





